သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။-
ကမ္ဘာဦး 42:26 - Common Language Bible ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။- Garrad Bible သူ တို့ လည်း မြည်း များ ပေါ် တွင် စ ပါး တင်၍ ထွက် သွား ပြီး နောက်၊ Judson Bible သူတို့သည်လည်း မြည်းများအပေါ်၌စပါးကိုတင်၍ ထွက်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စားနပ်ရိက္ခာများကို မိမိတို့၏မြည်းများပေါ်တင်ပြီး ထိုအရပ်မှထွက်ခွာသွားကြ၏။ |
သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။-
ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။ သူတို့သည်ယောသပ်ပြောသမျှသဘောတူ ကြ၏။-
ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။-
ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။-