ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။-
ကမ္ဘာဦး 42:25 - Common Language Bible ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။- Garrad Bible သူ တို့ အိတ် များ ကို စ ပါး ပြည့် စေ ရန် လည်း ကောင်း၊ အ သီး အ သီး တို့ အိတ် များ တွင် ဆိုင် ရာ အ ဖိုး ငွေ ကို ပြန် ထည့် စေ ရန် လည်း ကောင်း၊ လမ်း ရိ က္ခာ ကို ပေး စေ ရန် လည်း ကောင်း၊ ယော သပ် အ မိန့် ရှိ သည့် အ တိုင်း ပြု ကြ၏။ Judson Bible ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှာလည်းကောင်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။ |
ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။-
သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-