ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
ကမ္ဘာဦး 41:7 - Common Language Bible အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။- Garrad Bible ပိန် သေး သော စ ပါး နှံ သည် ဖွံ့ ဖြိုး၍ အောင် မာ သော စ ပါး ခု နစ် နှံ ကို မျို စား၏။ ထို နောက် ဖာ ရော မင်း နိုး ၍ အိပ် မက် ဖြစ် မှန်း ကို သိ လေ ၏။ Judson Bible အလုံးသေးသောစပါးခုနစ်နှံတို့သည် အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့ကိုစားကြ၏။ ဖာရောမင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သုန်ဖျင်းသောစပါးနှံတို့သည် အလုံးကြီး၍အဆန်အောင်သောစပါးနှံခုနစ်နှံကိုမျိုလေ၏။ ထို့နောက် ဖာရောမင်းကြီးသည် နိုးလာ၍ အိပ်မက်ဖြစ်ကြောင်းသိရ၏။ |
ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။-
ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။
ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။