အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
ကမ္ဘာဦး 41:55 - Common Language Bible အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။- Garrad Bible အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် အ စာ ခေါင်း ပါး ၍ ပြည် သူ ပြည် သား တို့ သည် ဆန် စ ပါး ရ ခြင်း ငှါ ဖာ ရော မင်း ထံ ဟစ် ကြ သော် ဖာ ရော မင်း က၊ ယော သပ် ထံ သို့ သွား ကြ။ သူ ဆို သည့် အ တိုင်း ပြု ကြ ဟူ၍ အိ ဂျစ် တစ် ပြည် လုံး တွင် အ မိန့် ထုတ် ဆင့် လေ၏။ Judson Bible နောက်တစ်ဖန် အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါမည်အကြောင်း ဖာရောမင်းထံ၌ကြွေးကြော်ကြ၏။ ဖာရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင်သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တစ်ပြည်လုံးဆာလောင်မွတ်သိပ်သောအခါ လူတို့သည် အစားအစာအတွက် ဖာရောမင်းကြီးထံ အော်ဟစ်ကြ၏။ ထိုအခါ ဖာရောမင်းကြီးသည် အီဂျစ်ပြည်သားအပေါင်းတို့အား “ယောသပ်ထံသို့ သွားကြလော့။ သင်တို့အား သူပြောသည့်အတိုင်းပြုကြလော့”ဟု မိန့်ဆို၏။ |
အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။
ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။-
ဘုရားသခင်၏အလိုတော်အရ၊ သားတော် သည်ဘုရားဇာတိကိုအပြည့်အဝခံယူ တော်မူ၏။-