ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
ကမ္ဘာဦး 41:48 - Common Language Bible ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။- Garrad Bible အိ ဂျစ် ပြည် တွင် ပြန့် ပြော သော ခု နစ် နှစ် ပတ် လုံး ရိ က္ခာ ရှိ သ မျှ ကို စု သိမ်း၍ မြို့ များ၌ လှောင် ထား လေ ၏။ အ ကြင် မြို့ ပတ် ဝန်း ကျင် လယ် ထွက် စ ပါး ကို ထို မြို့ တွင် ပင် လှောင် ထား လေ ၏။ Judson Bible ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင်ရှိသမျှသောရိက္ခာကိုစုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် ခုနစ်နှစ်ပတ်လုံး အီဂျစ်ပြည်၌ထွက်သည့် အစားအစာရှိသမျှတို့ကိုစုသိမ်း၍ ထိုအစားအစာကို မြို့များ၌သိုလှောင်ထား၏။ မြို့အသီးသီး၏ပတ်ပတ်လည်ရှိ လယ်ယာမှထွက်သည့် အစားအစာကို ထိုမြို့အသီးသီး၌ပင်သိုလှောင်ထား၏။ |
ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။
အီဂျစ်ပြည်တစ်စွန်းမှတစ်စွန်းအထိနေ ထိုင်သူအပေါင်းတို့သည်လည်း ဘုရင်၏ ကျွန်ဖြစ်လာကြ၏။-