အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
ကမ္ဘာဦး 41:45 - Common Language Bible ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။- Garrad Bible ဖာ ရော မင်း သည် ယော သပ် ကို ဇာ ဖ ဏာ သ ဖာ ဏ ဟူ သော ဘွဲ့ နာ မ ဖြင့် မှည့် ခေါ်၍ သြ န မြို့ ရှိ ပ ရော ဟိတ် ပေါ တိ ဖေ ရ၏ သ မီး အာ သ နတ် နှင့် ထိမ်း မြား၏။ ထို သို့ ယော သပ် သည် အိ ဂျစ် ပြည် ကို လှည့် ကြည့် ရန် ထွက် သွား လေ ၏။ Judson Bible ဖာရောမင်းသည်လည်း၊ ဇာဖဏာသဖာဏတည်းဟူသော ဘွဲ့နာမနှင့် ယောသပ်ကိုချီးမြှောက်၍ ဩနမြို့၏ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ်နှင့် စုံဖက်စေတော်မူ၏။ ထိုသို့ယောသပ်သည် အဲဂုတ္တုနိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးသည် ယောသပ်၏အမည်ကို ဇာဖဏာသဖာဏ ဟုမှည့်ခေါ်၍ ယောသပ်ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်နှင့်ထိမ်းမြားပေး၏။ ထို့နောက် ယောသပ်သည် အီဂျစ်ပြည်ကိုလှည့်လည်ကြည့်ရှုရန်ထွက်သွား၏။ |
အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
အစာခေါင်းပါးခြင်းနှစ်များမဆိုက်ရောက်မီ ယောသပ်သည် မယားအာသနတ်နှင့်သားနှစ် ယောက်ရရှိလေသည်။-
ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။-
ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။
သူသည်အီဂျစ်ပြည်ရှိနေမင်းမြို့တော်အ ထိမ်းအမှတ်ကျောက်တိုင်များကိုချိုးဖျက် ၍အီဂျစ်ဘုရားဝတ်ကျောင်းများကိုမီးရှို့ လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
အာဝင်မြို့နှင့်ဖိဗေသက်မြို့တို့မှလူငယ် လူရွယ်များသည်စစ်ပွဲတွင်ကျဆုံးကြ၍ အခြားသူတို့သည်ကားသုံ့ပန်းအဖြစ် အဖမ်းခံရကြလိမ့်မည်။-
မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
ထိုကာလ၌ရောမနိုင်ငံတစ်ဝန်းလုံးရှိလူဦး ရေစာရင်းကိုယူရန် ကဲသာသြဂုတ္တုဘုရင်သည် အမိန့်ထုတ်ပြန်တော်မူ၏။-
ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)-