ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။-
ကမ္ဘာဦး 41:35 - Common Language Bible ထိုသူတို့အားလာမည့်ပေါကြွယ်ဝသောနှစ် များအတွင်းရိက္ခာစုဆောင်းစေ၍ မြို့များ၌ သိုလှောင်စေပြီးလျှင်စောင့်ရှောက်စေတော် မူပါ။- Garrad Bible ထို သူ တို့ သည် ဖြစ် လ တ္တံ့ သော မင်္ဂ လာ နှစ် များ တွင် ရိ က္ခာ ရှိ သ မျှ ကို စု သိမ်း၍၊ အ ရှင် မင်း ကြီး လက် အောက် မြို့ များ တွင် စ ပါး ရိ က္ခာ ကို ဆည်း ပူး စောင့် ရှောက် ကြ ပါ စေ။ Judson Bible ထိုသူတို့သည်ဖြစ်လတ္တံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကိုစုရုံး၍ ဖာရောဘုရင်ထံတော်၌ စပါးများကိုဆည်းပူးကြပါစေ။ မြို့များ၌လည်း ရိက္ခာကို သိုထားကြပါစေ။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် လာမည့်ကြွယ်ဝသောနှစ်များမှ အစားအစာရှိသမျှတို့ကို စုသိမ်းကြပါစေ။ ဖာရောမင်းကြီး၏အာဏာဖြင့် အစားအစာဂျုံစပါးကို မြို့များ၌စုဆောင်းထိန်းသိမ်းကြပါစေ။ |
ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။-
အီဂျစ်ပြည်တွင်အစာခေါင်းပါးသောခုနစ် နှစ်အတွက် ထိုရိက္ခာကိုသိုလှောင်ထားသော အားဖြင့် အီဂျစ်ပြည်သူပြည်သားတို့သည် အစာငတ်သည့်ဘေးမှလွတ်မြောက်နိုင်ပါ လိမ့်မည်'' ဟုဖာရောဘုရင်အားလျှောက်ထား လေ၏။
အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။