ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။-
ကမ္ဘာဦး 41:3 - Common Language Bible ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။- Garrad Bible ထို နွား မ များ နောက် ပိန် ကြုံ၍ အ ဆင်း မ လှ သော နွား မ ခု နစ် ကောင် တို့ လည်း မြစ် ထဲ မှ တက် လာ ပြီး လျှင် ယခင် နွား မ များ အ နီး ကမ်း ပေါ် တွင် ရပ် နေ ကြ စဉ်၊ Judson Bible ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့အနား၌ ကမ်းပေါ်မှာရပ်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနွားများနောက်မှ အဆင်းမလှ၊ ပိန်ချုံးသော အခြားနွားမခုနစ်ကောင်သည် နိုင်းမြစ်မှတက်လာ၍ နိုင်းမြစ်ကမ်းစပ်ရှိ ဆူဖြိုးသောနွားမများဘေးတွင် ရပ်နေကြ၏။ |
ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။-
ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။-
ထိုနောက်နွားပိန်တို့ကဝဖြိုးသောနွားမခုနစ် ကောင်ကိုမျိုလိုက်ကြ၏။ ထိုအချိန်၌ဘုရင် အိပ်ရာမှနိုးလေ၏။-
အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။