ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
ကမ္ဘာဦး 41:27 - Common Language Bible နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။- Garrad Bible ထို နွား မ များ နောက် တက် လာ၍ ပိန် ကြုံ အ ရုပ် ဆိုး သော နွား မ ခု နစ် ကောင် နှင့် အ ရှေ့ လေ ဖျက် သော စ ပါး ဖျင်း ခု နစ် နှံ သည် ခု နစ် နှစ် ဖြစ် ပါ၏။ အ စာ ခေါင်း ပါး သော ခု နစ် နှစ် ပင် တည်း။ Judson Bible ထိုနွားတို့နောက်ထွက်လာသောနွား၊ ပိန်၍အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်းခုနစ်နှံတို့သည်လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆူဖြိုးသောနွားမများနောက်မှ တက်လာသည့် ပိန်လှီ၍အရုပ်ဆိုးသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ အရှေ့လေကြောင့်ညှိုးရော်၍ သုန်ဖျင်းသောစပါးနှံခုနစ်နှံသည် ငတ်မွတ်ခေါင်းပါးသောခုနစ်နှစ်ဖြစ်၏။ |
ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။-
ဒါဝိဒ်သည်ထာဝရဘုရား၏အမိန့်တော် အတိုင်း အရောန၏ကောက်နယ်တလင်းသို့ သွားတော်မူ၏။-
ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-