ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
ကမ္ဘာဦး 40:5 - Common Language Bible တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။- Garrad Bible ထို သို့ နှောင် အိမ် တွင် အ ကျဉ်း ခံ ရ သော အိ ဂျစ် ဘု ရင်၏ ရေ ကြည် ဝန် နှင့် စား တော် ဝန် နှစ် ယောက် တို့ သည် ကိုယ် စီ ဆိုင် ရာ အ နက် ပါ အိပ် မက် ကို တစ် ညဉ့် ချင်း တွင် မြင် မက် ကြ ၏။ Judson Bible ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသော အိပ်မက်ကိုတစ်ညချင်းတွင် တစ်ယောက်တစ်နည်းစီမြင်မက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။ |
ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။
နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။
တစ်ည၌ကျွန်တော်မျိုးတို့တစ်ဦးစီနှင့်သက် ဆိုင်သောအိပ်မက်ကိုမြင်မက်ကြပါသည်။-
ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။-
ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်ကို မြင်မက်၍ ထိတ်လန့်ဖွယ်ရာရူပါရုံများ ကိုမြင်ရ၏။-
ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-