ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
ကမ္ဘာဦး 40:2 - Common Language Bible ဘုရင်သည်ထိုအရာရှိနှစ်ဦးတို့ကိုအမျက် ထွက်၍၊- Garrad Bible ဖာ ရော မင်း သည် အ မတ် ဖြစ် သူ ရေ ကြည် ဝန် နှင့် စား တော် ဝန် နှစ် ယောက် တို့ အ ပေါ် တွင် အ မျက် ထွက်၍၊ Judson Bible ဖာရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်းဟူသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကိုအမျက်ထွက်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးသည် မိမိ၏မင်းမှုထမ်းနှစ်ယောက်ဖြစ်သော ဖလားတော်ဝန်နှင့်စားတော်ဝန်ကို အမျက်ထွက်လေ၏။ |
ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။
ကိုယ်တော်သည်စားတော်ဆက်ဝန်နှင့်ကျွန်တော် မျိုးအားအမျက်တော်ရှသဖြင့် ကိုယ်ရံတော်မှူး အိမ်တွင်အချုပ်ချထားခဲ့ပါသည်။-
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။
ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည်။
မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။