ယုဒကသူ၏ညီအစ်ကိုတို့အား``ငါတို့၏ ညီကိုသတ်၍အဖြစ်မှန်ကိုထိမ်ဝှက်ထား ခြင်းဖြင့် ငါတို့၌မည်သို့အကျိုးကျေးဇူး ရှိနိုင်ပါမည်နည်း။-
ကမ္ဘာဦး 4:9 - Common Language Bible ထာဝရဘုရားက``သင့်ညီအာဗေလအဘယ် မှာရှိသနည်း'' ဟုကာဣနအားမေးတော် မူ၏။ ကာဣနက``အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုထိန်းရသောသူဖြစ်ပါသလော'' ဟု ပြန်၍လျှောက်၏။ Garrad Bible ထာ ဝ ရ ဘု ရား က လည်း သင့် ညီ အာ ဗေ လ ကား အ ဘယ် မှာ နည်း ဟု ကာ ဣ န ကို မေး တော် မူ သော် ကျွန် တော် မ သိ ပါ။ ကျွန် တော် သည် ညီ ကို ထိန်း ရ သော သူ ဖြစ် ပါ သ လော ဟု ပြန် လျှောက် ရာ သင် သည် မည် သို့ ပြု ဘိ သ နည်း။ Judson Bible ထာဝရဘုရားကလည်း သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကိုမေးတော်မူလျှင်၊ အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလောဟု လျှောက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထာဝရဘုရားက ကာဣနအား “သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူလျှင် ကာဣနက “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရှောက်သူဖြစ်ပါသလော”ဟု ပြန်လျှောက်လေ၏။ |
ယုဒကသူ၏ညီအစ်ကိုတို့အား``ငါတို့၏ ညီကိုသတ်၍အဖြစ်မှန်ကိုထိမ်ဝှက်ထား ခြင်းဖြင့် ငါတို့၌မည်သို့အကျိုးကျေးဇူး ရှိနိုင်ပါမည်နည်း။-
ထိုနောက်ထူးဆန်းစွာတန်ဆာဆင်ထားသော ဝတ်ရုံကိုဖခင်ထံသို့ယူခဲ့ပြီးလျှင်``ကျွန်တော် တို့ဤအင်္ကျီကိုတွေ့ရပါသည်။ ဖခင်သား၏ အင်္ကျီဖြစ်ပါသလော'' ဟုမေးကြ၏။
ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-