ထိုအခါထာဝရဘုရားက``သင်သည်အဘယ် ကြောင့်ဒေါသထွက်၍မျက်မှောင်ကြုတ်ရသ နည်း။-
ထာ ဝ ရ ဘု ရား က လည်း သင် သည် အ ဘယ် ကြောင့် ဒေါ သ ထွက်၍ မျက် နှာ ညှိုး ရ သ နည်း။
ထာဝရဘုရားကလည်း၊ သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။
ထိုအခါ ထာဝရဘုရားက ကာဣနအား “သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာသုန်မှုန်နေသနည်း။
သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။
ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။
သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။
ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။