ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-
ကမ္ဘာဦး 4:18 - Common Language Bible ဧနောက်သည်ဣရဒ်ဟုအမည်တွင်သောသားကို ရ၏။ ဣရဒ်၏သားကားမဟုယေလ၊ မဟု ယေလ၏သားကားမသုရှလ၊ မသုရှလ ၏သားကားလာမက်ဖြစ်၏။- Garrad Bible ဧ နောက် သား ကား ဣ ရဒ်၊ ဣ ရဒ် သား ကား မ ဟု ယေ လ၊ မ ဟု ယေ လ သား ကား မ သု ရှ လ၊ မ သု ရှ လ သား ကား လာ မက် တည်း။ Judson Bible ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလသားကား၊ လာမက်တည်း။ မြန်မာ့စံမီသမ္မာကျမ်း ဧနောက်သည် သားဣရဒ်ကိုရ၏။ ဣရဒ်သည် သားမဟုယေလကိုရ၏။ မဟုယေလသည် သားမသုရှလကိုရ၏။ မသုရှလသည် သားလာမက်ကိုရ၏။ |
ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-
ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။-
မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊-