ကမ္ဘာဦး 39:14 - Common Language Bible အစေခံတို့ကိုအော်ခေါ်လျက်``ဤမှာကြည့် စမ်းပါ။ သင်တို့၏သခင်ကခေါ်ထားသောဤ ဟေဗြဲအမျိုးသားကငါတို့ကိုစော်ကား ပါပြီ။ သူသည်ငါ့အခန်းထဲသို့ဝင်၍ငါ နှင့်အတူအိပ်ရန်ကြံသဖြင့်ငါအသံ ကုန်ဟစ်အော်လိုက်ရပါသည်။- Garrad Bible အိမ် သား တို့ ကို ခေါ်၍ ကြည့် ကြ။ ငါ တို့ အား ပြက် ရယ် ပြု စေ ခြင်း ငှါ ထို ဟေ ဗြဲ လူ ကို သ ခင် သွင်း ထား ပြီ တ ကား။ သူ သည် ငါ နှင့် အ တူ အိပ် ရန် ဝင် ရောက်၍ ကျယ် သော အ သံ နှင့် ငါ အော် ဟစ် ရ ၏။ Judson Bible အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်းငှာဝင်လာ၍ ငါသည်ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိ၏အိမ်သားယောက်ျားတို့ကိုခေါ်၍ သူတို့အား “ကြည့်ကြပါ။ သခင်ခေါ်လာသော ဟေဗြဲအမျိုးသားသည် ငါတို့ကို စော်ကားပါပြီတကား။ ငါနှင့်အိပ်ဖို့ ငါ့ထံသို့ဝင်လာသဖြင့် ငါသည် အသံကုန်အော်ဟစ်ရပါ၏။ |
ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
သခင်မသည်မိမိ၏လက်ထဲ၌ဝတ်ရုံကိုထား ခဲ့၍ အိမ်ပြင်သို့ယောသပ်ထွက်ပြေးသည်ကို မြင်သောအခါ၊-
သူသည်ငါဟစ်အော်သံကြောင့်သူ၏ဝတ်ရုံကို ငါ့လက်ထဲမှာစွန့်ပစ်ခဲ့ပြီးလျှင်ထွက်ပြေး ပါသည်'' ဟုပြောလေ၏။
ပေါတိဖာအိမ်သို့ပြန်လာသောအခါ``ကိုယ်တော် ဤအိမ်သို့ခေါ်လာသောဟေဗြဲအမျိုးသား ကျွန်သည် ကျွန်မအခန်းထဲသို့ဝင်၍ကျွန်မ ကိုစော်ကားရန်ကြံပါသည်။-
ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။-
စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
အချင်းလိမ်လည်တတ်သူတို့၊ သင်တို့အားဘုရားသခင်သည်အဘယ်သို့ စီရင်တော်မူလိမ့်မည်နည်း။ သင်တို့အားကိုယ်တော်သည်အဘယ်သို့ ဒဏ်ခတ်တော်မူလိမ့်မည်နည်း။
ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှ မကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
``အမှန်တရားကိုသိရှိသူတို့၊ငါ၏သြဝါဒကို စွဲမြဲစွာမှတ်ကြုံးထားသူတို့၊ သင်တို့သည်ငါပြောသည့်စကားကို နားထောင်ကြလော့။ သင်တို့အားကရော်ကမည်ပြု၍၊လူတို့စော်ကား ပြောဆိုကြသောအခါမကြောက်ကြနှင့်။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
ရပ်နီးရပ်ဝေးရှိတိုင်းပြည်တို့သည်သင် တရားလက်လွတ်ပြုကျင့်၍ နာမည်ပျက် မှုကြောင့်ပြောင်လှောင်ကြ၏။-
ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။
ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။-
သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-