သူသည်မြို့ပြင်၌လှည့်လည်ရှာဖွေနေစဉ် လူ တစ်ယောက်ကသူ့ကိုမြင်၍``သင်ဘာကိုရှာ နေသနည်း'' ဟုမေး၏။
တော၌ လှည့် လည် သွား စဉ် တွင် လူ တစ် ဦး သည် သူ နှင့် တွေ့ ရာ မည် သည် ကို ရှာ သ နည်း ဟု မေး လျှင်၊
တော၌လှည့်လည်စဉ်တွင်၊ တစ်စုံတစ်ယောက်သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည်ဘာကိုရှာသနည်းဟု မေးလျှင်၊
ကွင်းပြင်၌ လှည့်လည်နေစဉ် လူတစ်ယောက်က သူ့ကိုတွေ့၍ “ဘာကိုရှာနေသနည်း”ဟု သူ့အားမေးလေ၏။
နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။-
သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။
``သိုးဆိတ်များကိုထိန်းကျောင်းနေသောအစ် ကိုများကိုရှာနေပါသည်။ သူတို့အဘယ်မှာ ရှိသည်ကိုပြောနိုင်ပါသလော'' ဟုဆို၏။
ထိုအခါဧလိရှဲသည်သူတို့ထံသို့သွားပြီး လျှင်``သင်တို့လမ်းမှားနေကြသည်။ ဤမြို့သည် သင်တို့ရှာသောမြို့မဟုတ်။ ငါ့နောက်သို့လိုက် ခဲ့ကြလော့။ သင်တို့အလိုရှိသူထံသို့ငါပို့ ဆောင်ပေးမည်'' ဟုဆို၏။ ထိုနောက်ထိုသူတို့ အားရှမာရိမြို့သို့ခေါ်ဆောင်သွားလေသည်။
သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာ နေတော်မူပါသနည်း'' ဟုမေးလျှောက်ကြ၏။ (ရဗ္ဗိ၏အနက်ကားအရှင်ဘုရားဟုဆိုလို၏)
သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။
သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။
သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။
ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။
သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။