ဧသောသည်အသက်လေးဆယ်ရှိသောအခါ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိ အမျိုးသားဧလုန်၏သမီးဗာရှမတ်တို့ နှစ်ဦးနှင့်အိမ်ထောင်ပြုလေသည်။-
ကမ္ဘာဦး 36:4 - Common Language Bible အာဒသည်သားဧလိဖတ်ကိုလည်းကောင်း၊ ဗာရှမတ်သည်သားရွေလကိုလည်းကောင်း၊- Garrad Bible အာ ဒ တွင် မြင် သော ဧ သော့ သား ကား ဧ လိ ဖတ်၊ ဗာ ရှ မတ် တွင် မြင် သော သား ကား ရွေ လ၊ Judson Bible ဧသောမယား အာဒဖွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ် ဖွားသောသားရွေလတည်း။ မြန်မာ့စံမီသမ္မာကျမ်း အာဒသည် ဧသောအတွက် ဧလိဖတ်ကိုမွေးဖွား၍ ဗာရှမတ်သည် ရွေလကိုမွေးဖွား၏။ |
ဧသောသည်အသက်လေးဆယ်ရှိသောအခါ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိ အမျိုးသားဧလုန်၏သမီးဗာရှမတ်တို့ နှစ်ဦးနှင့်အိမ်ထောင်ပြုလေသည်။-
အဟောလိဗာမသည်သားယုရှ၊ ယာလံနှင့် ကောရတို့ကိုလည်းကောင်းဖွားမြင်လေသည်။ ဤသားတို့သည်ခါနာန်ပြည်တွင်ဖွားမြင် သောဧသော၏သားများဖြစ်ကြသည်။
ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
အမျိုးသမီးတို့သည်ဖခင်ယေသရောထံသို့ ပြန်ရောက်လာကြသောအခါ၊ ဖခင်က``သင်တို့ ယနေ့အိမ်သို့အပြန်စောလှချည့်လား'' ဟု ဆိုလေ၏။
မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။