သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။-
ကမ္ဘာဦး 34:25 - Common Language Bible ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။- Garrad Bible သုံး ရက် မြောက် သော နေ့ တွင် နာ ကျင် လျက် ရှိ ကြ ဆဲ အ ခါ ယာ ကုပ် သား၊ ဒိ န မောင်၊ ရှိ မောင် နှင့် လေ ဝိ နှစ် ယောက် တို့ သည် ဓား လက် နက် စွဲ ကိုင် လျက် ဘေး မ မျှော် မြင် သော ထို မြို့ ကို တိုက် ခိုက်၍ ယောက်ျား အ ပေါင်း တို့ ကို သတ် ကြ ၏။ Judson Bible ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တစ်ယောက်တစ်စင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ |
သူတို့သည်ဟာမော်နှင့်သူ၏သားရှေခင်ကို လည်းခုတ်သတ်၍ ရှေခင်၏အိမ်မှဒိနကိုကယ် ယူခဲ့ပြီးလျှင်အိမ်သို့ပြန်လာခဲ့ကြလေ၏။-
သို့ရာတွင်ဟေဇကိမင်းသည်မာန်မာနရှိ သဖြင့် ခံစားရသောကျေးဇူးတော်အတွက် ကျေးဇူးတော်ကိုမချီးမွမ်း။ ထိုကြောင့်ယုဒ ပြည်သူများနှင့်ယေရုရှလင်မြို့သားတို့ သည်အမျက်တော်ဒဏ်ကိုခံရကြလေသည်။-
သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။-
ထာဝရဘုရားကမောရှေအားအမိန့်ပေး တော်မူသည်အတိုင်း သူတို့သည်မိဒျန်အမျိုး သားတို့ကိုတိုက်ခိုက်ရာ၊-
အရေဖျားလှီးခြင်းမင်္ဂလာကိုစီရင်ပြီးနောက် ဣသရေလအမျိုးသားအပေါင်းတို့သည်အနာ ကျက်သည့်တိုင်အောင်စခန်းထဲတွင်နေထိုင် ကြလေသည်။-