သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
အ ကျွန်ုပ် တို့ နှ မ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သော သူ နှင့် မ ထိမ်း မြား နိုင် ပါ။ ထိမ်း မြား လျှင် ကဲ့ ရဲ့ ဖွယ် အ ကြောင်း ဖြစ် ပါ ၏။
ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဖွယ်သောအကြောင်းဖြစ်ပါ၏။
သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။
ယခုမှစ၍သင့်အိမ်၌ပေါက်ဖွားသောကျွန် များနှင့် တစ်ခြားအမျိုးသားတို့ထံမှဝယ်ယူ သောကျွန်များအပါအဝင် ရှစ်ရက်အရွယ်ရှိ သားယောကျာ်းတိုင်းကိုအရေဖျားလှီးခြင်း မင်္ဂလာစီရင်ပေးရမည်။ ဤအရေဖျား လှီးခြင်းမင်္ဂလာသည် သင်တို့နှင့်ငါပြုရ သောပဋိညာဉ်ကိုပြသခြင်းဖြစ်သည်။-
အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။-
ကျွန်ုပ်တို့သဘောတူလက်ခံနိုင်မည့်အချက် တစ်ချက်တည်းသာရှိပါသည်။ ထိုအချက်မှာ သင်တို့တွင်ရှိသောယောကျာ်းအားလုံးကျွန်ုပ် တို့ကဲ့သို့အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဖြစ်သည်။-
ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။-
ထိုအမိန့်တော်စာကား``သင်တို့သည်အစာရှောင် ရန်နေ့ရက်တစ်ရက်ကိုကြေညာကာ ပြည်သူတို့ အားစုဝေးစေ၍နာဗုတ်အားဂုဏ်ထူးဆောင် နေရာထိုင်ခင်းကိုပေးကြလော့။-
ပညာရှိများထွက်ခွာသွားကြပြီးနောက်ယောသပ် သည် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါး ကိုအိပ်မက်တွင်မြင်ရ၏။ ကောင်းကင်တမန်က ``ထ လော့၊ သူငယ်တော်နှင့်မယ်တော်ကိုခေါ်၍အီဂျစ် ပြည်သို့ထွက်ပြေးလော့။ ဟေရုဒ်မင်းသည်သူငယ် တော်ကိုသတ်ရန်ရှာလိမ့်မည်။ သင်တို့အားပြန် လာရန်ငါအမိန့်မပေးမချင်းထိုအရပ်တွင် နေလော့'' ဟုဆို၏။-
ထိုနောက်မင်းကြီးသည်ထိုသူတို့အား ``သင်တို့ သွား၍သူငယ်ကိုတွေ့အောင်ရှာကြပါ။ တွေ့သော အခါငါလည်းသူ့ကိုဖူးမြော်ပူဇော်နိုင်ရန် ငါ့ ထံလာ၍အကြောင်းကြားကြပါ'' ဟုမိန့်မှာ လျက်ဗက်လင်မြို့သို့စေလွှတ်တော်မူ၏။
သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-