လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
ကမ္ဘာဦး 33:2 - Common Language Bible သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။- Garrad Bible ကျွန် မိန်း မ တို့ နှင့် သား ငယ် များ ကို ရှေ့၌ လည်း ကောင်း၊ လေ အာ နှင့် သား ငယ် တို့ ကို အ လယ်၌ လည်း ကောင်း၊ ရာ ခေ လ နှင့် ယောသပ် ကို နောက်၌ လည်း ကောင်း ထား လေ ၏။ Judson Bible ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့်ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌လည်းကောင်း၊ ရာခေလနှင့် ယောသပ်ကိုနောက်၌လည်းကောင်း ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကျွန်မနှစ်ယောက်နှင့်သူတို့၏ကလေးများကို ရှေ့ဆုံး၌လည်းကောင်း၊ လေအာနှင့်သူ၏ကလေးများကို အလယ်၌လည်းကောင်း၊ ရာခေလနှင့်ယောသပ်ကို နောက်ဆုံး၌လည်းကောင်း ထားလေ၏။ |
လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လည်း အိပ်လေသည်။ သူသည်ရာခေလကိုလေအာ ထက်ပို၍ချစ်၏။ ထိုနောက်သူသည်လာဗန် ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံလေသည်။
ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-
ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။-
သင်တို့၏မြို့သည်အရှက်ကွဲ၍အသရေ ပျက်လိမ့်မည်။ နိုင်ငံတကာတို့တွင်ဗာဗုလုန် နိုင်ငံသည် အသိမ်ငယ်ဆုံးသောနိုင်ငံဖြစ် လိမ့်မည်။ ယင်းသည်ခြောက်သွေ့၍ရေမရှိ သည့်သဲကန္တာရဖြစ်လိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤ သူတို့သည်ငါ၏လူစုဖြစ်လိမ့်မည်။ သူ တို့သည်ငါစီရင်ချက်ချမှတ်ရာနေ့၌ ငါ၏ကိုယ်ပိုင်လူစုဖြစ်ကြလိမ့်မည်။ အဖ သည်မိမိ၏အစေအပါးကို ခံသည့်သား အပေါ်တွင် ကရုဏာထားသကဲ့သို့ငါ သည်လည်းသူတို့အပေါ်တွင်ကရုဏာ ထားတော်မူမည်။-