ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
ကမ္ဘာဦး 33:14 - Common Language Bible ကိုယ်တော်သွားနှင့်ပါ။ ကျွန်တော်တိရစ္ဆာန်များ၊ ကလေးများနှင့်ခရီးတွင်နိုင်သမျှဖြင့်အစ် ကိုရှိရာဧဒုံပြည်သို့ရောက်အောင်တဖြည်း ဖြည်းလိုက်ခဲ့ပါမည်'' ဟုဆို၏။ Garrad Bible ထို ကြောင့် အ ရှင် သည် ရှေ့ က ကြွ နှင့် တော် မူ ပါ။ ကျွန် တော် မူ ကား မောင်း နှင် သော တိ ရ စ္ဆာန် များ နှင့် သူ ငယ် တို့ သွား နိုင် သ မျှ အ တိုင်း စိ ရ ပြည် အ ရှင့် ထံ ရောက် အောင် ဖြည်း ညှင်း စွာ ပို့ ဆောင် ပါ မည် ဟု လျှောက် လေ သော်၊ Judson Bible ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာစိရပြည်သို့ရောက်အောင်၊ တဖြည်းဖြည်းပို့ဆောင်ပါမည်ဟု လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သခင်သည် သခင့်အစေအပါးရှေ့မှ သွားနှင့်ပါ။ အကျွန်ုပ်မူကား စိရပြည်ရှိ သခင့်ထံသို့ ရောက်သည်အထိ ကလေးသူငယ်တို့နှင့် အကျွန်ုပ်ရှေ့၌သွားသောတိရစ္ဆာန်တို့ သွားနိုင်သမျှအတိုင်း တဖြည်းဖြည်းလိုက်လာပါမည်”ဟု လျှောက်လေ၏။ |
ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
ယာကုပ်က``ကိုယ်တော်သိသည်အတိုင်းကျွန် တော်၏ကလေးများသည်နုနယ်ကြပါ၏။ နို့စို့သားငယ်များပါသောသိုး၊ ဆိတ်၊ နွားတို့ ကိုလည်းညှာရပါမည်။ တိရစ္ဆာန်တို့ကိုတစ်နေ့ မျှခရီးပြင်းနှင်လျှင်တစ်အုပ်လုံးသေဆုံး ကုန်ပါလိမ့်မည်။-
``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။-
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-
ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
ကြေခဲသောအစားအစာကိုသင်တို့မစား နိုင်ကြသေးသဖြင့် ငါသည်သင်တို့အားနို့ ကိုသာတိုက်ကျွေးရ၏။ ယခုတိုင်အောင်သင် တို့သည်အစာမကြေနိုင်ကြ။-
ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
အို ထာဝရဘုရားစိရတောင်ရိုးပေါ်မှာ ကိုယ်တော်ကြွလျက် ဧဒုံပြည်မှစစ်ချီတော်မူသောအခါ၊ မြေငလျင်လှုပ်၍ကောင်းကင်မှမိုးရွာသွန်း ပါ၏။ မိုးတိမ်များမှမိုးရေတို့သည်ကျဆင်းလာ ပါ၏။