ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။
ကမ္ဘာဦး 33:11 - Common Language Bible ကိုယ်တော်ထံသို့ယခုကျွန်တော်ယူဆောင်လာ သောလက်ဆောင်များကိုလက်ခံပါ။ ဘုရားသခင်သည်ကျွန်တော်လိုသမျှကိုပေးသနား တော်မူပါပြီ'' ဟုမနေမနားတိုက်တွန်း သဖြင့်ဧသောသည်လက်ဆောင်များကို လက်ခံလိုက်လေသည်။ Garrad Bible ဘု ရား သ ခင် သ နား တော် မူ၍ ကျွန် တော် ကြွယ် ဝ လျက် ရှိ ပါ သော ကြောင့် ကိုယ် တော့် ထံ ဆက် သ သော မင်္ဂ လာ ပ ဏ္ဏာ ကို လက် ခံ တော် မူ ပါ ဟု တိုက် တွန်း သ ဖြင့် လက် ခံ လေ ၏။ Judson Bible ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏မင်္ဂလာကို ခံယူတော်မူပါ။ ဘုရားသခင်သည်၊ ကျွန်တော်၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။ |
ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။
ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။-
ထိုအခါဧသောက``ငါ့ညီ၊ ငါ၌ဥစ္စာအလုံ အလောက်ရှိ၏။ သင့်ပစ္စည်းကိုပြန်ယူပါ'' ဟု ဆိုလေ၏။
သို့ရာတွင်သူတို့သည်အကြိမ်ကြိမ်တောင်းပန် ကြသဖြင့် ဧလိရှဲသည်သူတို့အားခွင့်ပြုလိုက် လေသည်။ ထိုသူငါးကျိပ်တို့သည်သုံးရက်တိုင် တိုင် တစ်တောင်တက်ဆင်းရှာဖွေကြသော်လည်း ဧလိယကိုမတွေ့ကြ။-
နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။-
အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-
သို့ဖြစ်၍လူ၏စွမ်းရည်အကြောင်းကိုမည်သူ မျှမဝါကြွားစေနှင့်။ အမှန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုသင်တို့ပိုင်ကြ၏။-
ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
သူက``ကိုယ်တော်လက်ဖွဲ့သောမြေသည်ခြောက် သွေ့သောအရပ်ဖြစ်ပါသည်။ စမ်းရေတွင်းများ ကိုလည်းပေးပါ'' ဟုတောင်း၏။ ထိုကြောင့် ကာလက်သည်သူ၏သမီးအားအထက်စမ်း ရေတွင်းနှင့်အောက်စမ်းရေတွင်းများကိုပေး လေ၏။
``ကျွန်မအားဖခင်ပေးထားသည့်မြေယာ သည်ခြောက်သွေ့သည့်အရပ်တွင်တည်ရှိပါ သည်။ သို့ဖြစ်၍ကျွန်မအားစမ်းရေတွင်းတို့ ကိုလည်းပေးစေချင်ပါသည်'' ဟုဆို၏။ ထို အခါကာလက်သည်သူ့အားအထက်စမ်း ရေတွင်းများနှင့်အောက်စမ်းရေတွင်းများ ကိုပေးလေသည်။
အရှင်၊ အရှင်၏ထံသို့ကျွန်မယူဆောင်လာ သောလက်ဆောင်များကိုကျေးဇူးပြု၍ လက်ခံပြီးလျှင် အရှင်၏လူတို့အားပေး တော်မူပါ။-
ဒါဝိဒ်သည်ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိ လာသောအခါ တိုက်ရာပါပစ္စည်းအချို့တို့ကို မိမိ၏မိတ်ဆွေများဖြစ်သောယုဒခေါင်းဆောင် များထံသို့အမှာစာရေး၍ပေးပို့လိုက်လေ သည်။ အမှာစာတွင်``ထာဝရဘုရား၏ရန်သူ များထံမှအကျွန်ုပ်ရရှိခဲ့သည့်တိုက်ရာပါ ပစ္စည်းအချို့ကိုသင်တို့အတွက်လက်ဆောင် ပေးပို့လိုက်ပါသည်'' ဟုဖော်ပြပါရှိ၏။-