ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
ကမ္ဘာဦး 32:8 - Common Language Bible အဘယ်ကြောင့်ဆိုသော်သူက``ဧသောရောက် လာ၍ပထမအစုကိုတိုက်ခိုက်သည်ရှိသော် ကျန်တစ်စုကားလွတ်မြောက်နိုင်လိမ့်မည်'' ဟု တွေးတောမိသောကြောင့်တည်း။ Garrad Bible တစ် စု ကို ဧ သော တွေ့ ကြုံ တိုက် ခိုက် လျှင် ကြွင်း သော တစ် စု လွတ် ကင်း လိမ့် မည် ဟု ထင် မှတ် ၏။ Judson Bible အကြောင်းမူကား၊ တစ်စုကို ဧသောတွေ့၍လုပ်ကြံလျှင်၊ ကြွင်းသော တစ်စုလွတ်လိမ့်မည်ဟုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်က “အကယ်၍ ဧသောသည် တစ်စုကိုလာ၍တိုက်ခိုက်လျှင် ကျန်တစ်စုသည် လွတ်လိမ့်မည်”ဟု ဆို၏။ |
ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
ထိုနောက်ယာကုပ်က``အကျွန်ုပ်၏အဘိုး အာဗြဟံနှင့်အကျွန်ုပ်၏ဖခင်ဣဇာက်တို့ ၏ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်ရှင်က`သင်၏ ပြည်၊ သင်၏ဆွေမျိုးသားချင်းတို့ထံသို့ပြန် လော့။ ငါသည်သင့်ကိုကြီးပွားစေမည်' ဟု မိန့်တော်မူပါ၏။-
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-