ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
ကမ္ဘာဦး 31:36 - Common Language Bible ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။- Garrad Bible ထို အ ခါ ယာ ကုပ် အ မျက် ထွက်၍ လာ ဗန် ကို အ ပြစ် ဖွဲ့ ဆို သည် ကား၊ ဦး ရီး သည် ပြင်း ထန် စွာ လိုက် လာ သည် မှာ ကျွန် တော် လွန် ကျူး ၍ ပြု ခဲ့ မိ သော ပြစ် မှု မည် သို့ နည်း။ Judson Bible ထိုအခါ ယာကုပ်သည်စိတ်ဆိုး၍ လာဗန်ကိုဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာလိုက်ရသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။ |
ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။-
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။-
ထိုသူတို့မှာသနားကြင်နာစိတ်ကင်းမဲ့သည့် အတွက် ကိုယ်တော်သည်ဝမ်းနည်း၍အမျက်ထွက် လျက်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင် လက်သေသူအား ``သင်၏လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။-
သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။-
ယောနသန်က``အဘယ်ကြောင့်သေဒဏ်ခံ ရပါမည်နည်း။ သူသည်အဘယ်အမှုကို ပြုမိပါသနည်း'' ဟုလျှောက်လျှင်၊