လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
ကမ္ဘာဦး 31:29 - Common Language Bible ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။- Garrad Bible သင် ပြု သည် မှာ မိုက် လှ စွ တ ကား။ သင် တို့ ကို ထိ ခိုက် နိုင် ရန် ငါ့ လက် တွင် ရှိ၏။ သို့ သော် လည်း ယ မန် ညဉ့် မှာ သင် တို့ အ ဘ ၏ ဘု ရား သ ခင် က ယာ ကုပ် ၌ အ ကောင်း အ ဆိုး မ ပြော ရန် သ တိ ပြု လော့ ဟု ငါ့ အား မိန့် တော် မူ ၏။ Judson Bible ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင့်ကိုဒုက္ခရောက်စေနိုင်၏။ သို့သော် မနေ့ညတွင် သင့်ဖခင်၏ဘုရားသခင်က ‘သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင်သတိပြုလော့’ဟု ငါ့အားမိန့်တော်မူ၏။ |
လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။-
အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။-
အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။-
တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။
မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။
အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
ရှောလုက ``အရှင်၊ အရှင်သည်မည်သူဖြစ် ပါသနည်း'' ဟုမေးလျှောက်၏။ ထိုအသံ က ``ငါကားသင်နှိပ်စက်ညှဉ်းဆဲနေသူ ယေရှုပင်တည်း။-