ထိုနောက်ထိုသိုးဆိတ်များကို ယာကုပ်နှင့်သုံး ရက်ခရီးအကွာအရပ်သို့ပို့ဆောင်ထားစေ၏။ ယာကုပ်ကမူလာဗန်၌ကျန်ရှိသောအခြား သိုးဆိတ်တို့ကိုထိန်းကျောင်းလျက်နေလေသည်။
ကမ္ဘာဦး 30:37 - Common Language Bible ယာကုပ်သည်ထင်းရှူးပင်၊ ဗာဒံပင်၊ ပိုးဇာပင် တို့၏သစ်စိမ်းကိုင်းများကိုယူ၍ အဖြူတန်း များပေါ်အောင်အခွံကိုခွာပစ်ပြီးနောက်၊- Garrad Bible ထို အ ခါ ယာ ကုပ် သည် စိမ်း လန်း သော ညောင် ပင်၊ ဗာ တံ ပင်၊ ပိုး စာ ပင် များ မှ လှံ တံ များ ကို ခုတ်၍၊ Judson Bible ထိုအခါယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျာများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွာပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် စိမ်းသောပေါ့ပလာပင်၊ ဗာဒံပင်နှင့် ပလိန်းပင်တို့၏အရိုးတံများကိုယူပြီးလျှင် ထိုအရိုးတံတို့၌အဖြူရောင်အတွင်းသားပေါ်ပြီး အဖြူရောင်အစင်းများဖြစ်အောင်ခွာလေ၏။ |
ထိုနောက်ထိုသိုးဆိတ်များကို ယာကုပ်နှင့်သုံး ရက်ခရီးအကွာအရပ်သို့ပို့ဆောင်ထားစေ၏။ ယာကုပ်ကမူလာဗန်၌ကျန်ရှိသောအခြား သိုးဆိတ်တို့ကိုထိန်းကျောင်းလျက်နေလေသည်။
သိုးဆိတ်များ၏ရေသောက်ခွက်များရှေ့တွင် ထိုသစ်ကိုင်းများကိုချထားလေသည်။ တိရစ္ဆာန် တို့သည်ရေသောက်လာသောအခါ မိတ်လိုက် တတ်သောကြောင့်ထိုသို့ချထားခြင်းဖြစ်သည်။-
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။