ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။-
ကမ္ဘာဦး 30:30 - Common Language Bible ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။ Garrad Bible ကျွန် တော် မ ရောက် မီ ဦး ရီး ဥ စ္စာ နည်း ပါး သော် လည်း တိုး ပွား၍ ယ ခု များ ပြား လျက် ရှိ၏။ ကျွန် တော် သွား လေ ရာ ရာ၌ ထာ ဝ ရ ဘုရား သည် ဦး ရီး အား ကောင်း ကြီး ပေး တော် မူ ပြီ။ ကျွန် တော် မှာ လည်း ကိုယ့် အိမ် ထောင် အ ဖို့ မည် သည့် ကာ လ ဆည်း ပူး ရ အံ့ နည်း ဟု လျှောက် လျှင်၊ Judson Bible အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခုတိုးပွား၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ်ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအားကောင်းချီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစုရပါအံ့နည်းဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်မရောက်မီ ဦးရီး၌ တိရစ္ဆာန်အနည်းငယ်သာရှိသော်လည်း ယခု များစွာတိုးပွားပါပြီ။ အကျွန်ုပ်ပြုသောအရာအားဖြင့် ထာဝရဘုရားသည် ဦးရီးကိုကောင်းချီးပေးတော်မူပြီ။ သို့သော် အကျွန်ုပ်သည် မည်သည့်အချိန်မှ အကျွန်ုပ်၏အိမ်သူအိမ်သားများအတွက် လုပ်ဆောင်နိုင်မည်နည်း”ဟု ဆို၏။ |
ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။-
ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။ ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။-
ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-
ယခင်သင်တို့နေထိုင်ခဲ့ကြသောအီဂျစ် ပြည်တွင် သင်တို့သည်လယ်များထဲသို့ပင်ပန်း စွာရေသွင်း၍စပါးစိုက်ပျိုးရကြ၏။-
မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။