ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။-
ကမ္ဘာဦး 30:10 - Common Language Bible သို့ဖြစ်၍ဇိလပသည်ယာကုပ်နှင့်သားတစ် ယောက်ကိုရလေ၏။- Garrad Bible ၎င်း ကျွန် မိန်း မ ဇိ လ ပ လည်း သား ယောက်ျား ကို ဖွား မြင် သော်၊ Judson Bible လေအာ၏ကျွန်မဇိလပသည်လည်း ယာကုပ်အား သားကိုဖွားမြင်သည်ရှိသော်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လေအာ၏ကျွန်မဇိလပသည် ယာကုပ်အတွက် သားကိုမွေးဖွား၏။ |
ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။-
လေအာသည်လည်းမိမိ၌သားဖွားခြင်းရပ်ဆိုင်း သွားကြောင်းသိမြင်ရသောအခါ သူ၏ကျွန်မ ဇိလပကိုယာကုပ်အားမယားအဖြစ်ပေး အပ်လေသည်။-
လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်နှင့်အာရှာတို့ဖြစ်သည်။ ဤသားတို့သည် မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း၌ ဖွားမြင်ခဲ့ကြသည်။
ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-