ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
ကမ္ဘာဦး 3:11 - Common Language Bible ဘုရားသခင်က``သင်တို့တွင်အဝတ်အချည်း စည်းရှိသည်ဟု မည်သူကပြောသနည်း။ သင်တို့ အားမစားရဟု ငါပညတ်ထားသောအပင်၏ အသီးကိုစားသလော'' ဟုမေးတော်မူ၏။ Garrad Bible အ၀တ် အ ချည်း စည်း ရှိ သည် ကို မည် သူ ပြော သ နည်း။ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား ပြီ လော ဟူ ၍ မေး တော် မူ ၏။ Judson Bible ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကိုစားပြီလောဟု မေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။ |
ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
လူကလည်း``ကျွန်တော်အားကိုယ်တော်ပေး အပ်တော်မူသောမိန်းမက အသီးကိုပေး သဖြင့်ကျွန်တော်စားမိပါသည်'' ဟူ၍ပြန် လည်လျှောက်ထား၏။
ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။