မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ကမ္ဘာဦး 24:63 - Common Language Bible ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။- Garrad Bible ဗေ ရ လ ဟဲ ရော အ ရပ် မှ လာ ရာ၊ ည နေ အ ချိန် ကွင်း ပြင် တွင် ဆင် ခြင် စဥ်း စား ရန် ထွက် သွား၍ မျှော် ကြည့် လျှင် ကု လား အုပ် များ လာ သည် ကို မြင် လေ ၏။ Judson Bible ညဉ့်ဦးအချိန်၌ ဆင်ခြင်လိုသောငှာ၊ တောအရပ်သို့ထွက်သွား၍၊ မျှော်ကြည့်လျှင်၊ ကုလားအုတ်များလာသည်ကို မြင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဣဇက်သည် ညချမ်းအချိန်၌ ကွင်းပြင်သို့ လမ်းလျှောက်ထွက်သွား၍ မျှော်ကြည့်လိုက်ရာ ကုလားအုတ်များလာနေသည်ကိုမြင်လေ၏။ |
မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
သူတို့သည်ထာဝရဘုရား၏တရားတော်ကိုလိုက်လျှောက်၍ နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့်ပျော်မွေ့တတ်ကြ၏။
ကိုယ်တော်သည်ငါ့ကိုဝမ်းမြောက်စေတော်မူသည် ဖြစ်၍ ငါဆိုသောသီချင်းကိုကိုယ်တော်နှစ်သက် တော်မူပါစေသော။
ကိုယ်တော်ရှင်၏ဥပဒေသတော်တို့ကို ဆင်ခြင်လက် နည်းလမ်းတော်တို့ကိုအစဉ်အာရုံစိုက်ပါ၏။
ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုနားလည် နိုင်ရန် ကွန်တော်မျိုးအားကူမတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အံ့သြဖွယ်ကောင်းသည့်သွန်သင်ခက် တို့ကို ဆင်ခြင်ပါမည်။
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုလေးစားမြတ်နိုးပါ၏။ ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်ပါမည်။
သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-