ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
ကမ္ဘာဦး 24:36 - Common Language Bible ကျွန်ုပ်သခင်၏မယားစာရာသည်အရွယ်အို မှသားတစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ကျွန်ုပ် ၏သခင်သည်ထိုသားအားမိမိပိုင်ဆိုင်သမျှ တို့ကိုပေးအပ်ထားပါသည်။- Garrad Bible ကျွန် တော့် သ ခင်၏ မ ယား စာ ရာ သည် အ သက် ကြီး ရင့် မှ သား ယောက်ျား ကို ဖွား မြင် ၍ ထို သား အား ဥ စ္စာ ရှိ သ မျှ ကို သ ခင် အပ် ပေး လေ ပြီ။ Judson Bible ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင်အသက်အိုသောအခါ၊ သူ့အားသားကိုဖွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကို သခင်သည်အပ်ပေးပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သခင်၏မယားစာရာသည် အသက်ကြီးမှ အကျွန်ုပ်သခင်အတွက် သားတစ်ယောက်ကိုမွေးဖွားခဲ့ပါသည်။ အကျွန်ုပ်၏သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ထိုသားအား ပေးပါသည်။ |
ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
ထိုအချိန်၌အာဗြဟံသည်အသက်တစ်ရာ ခန့်ပင်ရှိ၍ မိမိ၏ကိုယ်ခန္ဓာသည်အသေကဲ့သို့ ဖြစ်လျက်နေကြောင်းကိုလည်းကောင်း၊ စာရာ သည်လည်းကလေးမရနိုင်ကြောင်းကိုလည်း ကောင်းသိသော်လည်း ဘုရားသခင်အပေါ်တွင် ယုံကြည်မှုခိုင်မြဲလျက်ရှိ၏။-