သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။ လာဗန်က``ပြောပါ'' ဟုဆို၏။-
သူ့ ရှေ့ မှာ ခဲ ဖွယ် စား ဖွယ် များ တည် သော အ ခါ ကျွန် တော် သည် ကိုယ့် ကိ စ္စ အ ကြောင်း ကို မ လျှောက် ရ မီ မ စား လို ပါ ဟု ဆို လျှင် ပြော ပါ ဟု ပြန် ဆို ၏။
သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
ထို့နောက် သူ့ရှေ့၌ အစားအစာကို တည်ခင်းလေ၏။ သို့သော် ထိုသူက “အကျွန်ုပ်ကိစ္စကို မပြောရမချင်း အကျွန်ုပ်မစားနိုင်ပါ”ဟု ဆိုလျှင် လာဗန်က “ပြောပါ”ဟု ဆိုလေ၏။
သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။-
ထိုသူက``ကျွန်ုပ်သည်အာဗြဟံ၏အစေခံ ဖြစ်ပါသည်။-
ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
သခင်များသည်ယုံကြည်သူများဖြစ်လျှင် သူတို့သည်ညီအစ်ကိုများပင်ဖြစ်ကြသည် ဟုဆိုကာမလေးမခန့်မပြုရ။ မိမိတို့ ၏အစေခံမှုကြောင့်အကျိုးခံစားရသူ တို့မှာ မိမိတို့ချစ်မြတ်နိုးသောယုံကြည် သူများဖြစ်သောကြောင့် သူတို့၏အစေ ကိုပို၍ခံရကြပေမည်။ သင်ဆုံးမသြဝါဒပေးရာတွင်ဤအရာ များကိုဖော်ပြရမည်။-
သို့ဖြစ်၍သူသည်ထိုသူတို့ကိုမိမိ၏အိမ် သို့ခေါ်ဆောင်ပြီးလျှင် သူတို့၏မြည်းများ ကိုအစာကျွေး၏။ သူ၏ဧည့်သည်တို့သည် လည်းခြေဆေးပြီးလျှင်အစားအစာသုံး ဆောင်ကြလေသည်။