ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
ကမ္ဘာဦး 22:19 - Common Language Bible ထိုနောက်အာဗြဟံသည်အစေခံတို့ရှိရာသို့ ပြန်လာ၍ သူတို့နှင့်အတူဗေရရှေဘအရပ် သို့ပြန်ခဲ့ကြပြီးနောက်ထိုအရပ်တွင်နေထိုင် လေသည်။ Garrad Bible ထို အ ခါ လူ ငယ် တို့ ရှိ ရာ သို့ အာ ဗြ ဟံ ပြန် လာ၍ သူ တို့ ထ ပြီး လျှင် ဗေ ရ ရှေ ဘ အ ရပ် သို့ လိုက် သွား ကြ ၏။ ထို အ ရပ်၌ အာ ဗြ ဟံ နေ သ တည်း။ Judson Bible ထိုအခါအာဗြဟံသည် ငယ်သားတို့ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရရှေဘအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အာဗြဟံသည် မိမိ၏ငယ်သားတို့ထံသို့ပြန်လာ၏။ ထိုအခါ သူတို့သည်ထ၍ ဗေရရှေဘအရပ်သို့ အတူတကွပြန်လာကြ၏။ အာဗြဟံသည် ဗေရရှေဘအရပ်၌ နေထိုင်လေ၏။ |
ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
ထိုအခါသူ၏အစေခံတို့အား``သင်တို့သည် ဤအရပ်တွင်မြည်းနှင့်အတူနေရစ်ကြ။ ငါ နှင့်ငါ့သားတို့ကထိုအရပ်သို့သွား၍ဘုရား ကိုဝတ်ပြုကိုးကွယ်ပြီးလျှင်ပြန်လာမည်'' ဟု မှာကြားလေသည်။
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
သားကြီးကားယောလ၊ သားငယ်ကားအဘိ ရဟုနာမည်တွင်၏။ သူတို့သည်ဗေရရှေဗ မြို့တွင်တရားသူကြီးများအဖြစ်ဆောင် ရွက်ကြ၏။-