ဘုရားသခင်ကလည်း``ကောက်ပဲသီးနှံအမျိုး မျိုး၊ သစ်သီးအမျိုးမျိုးတို့ကိုသင်တို့စားသုံး ရန်ငါပေး၏။-
ကမ္ဘာဦး 2:16 - Common Language Bible ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သ ခင် က လည်း ထို ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင်၏ အ သီး ကို သင် စား ခွင့် ရှိ ၏။ Judson Bible ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရအရှင်ဘုရားသခင်က လူအား “သင်သည် ဥယျာဉ်၌ရှိသမျှသောအပင်၏အသီးကို လွတ်လပ်စွာစားခွင့်ရှိ၏။ |
ဘုရားသခင်ကလည်း``ကောက်ပဲသီးနှံအမျိုး မျိုး၊ သစ်သီးအမျိုးမျိုးတို့ကိုသင်တို့စားသုံး ရန်ငါပေး၏။-
ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။
ဘုရားသခင်ဖန်ဆင်းထားတော်မူသောအရာ မှန်သမျှသည်သုံးဆောင်ထိုက်သည်ဖြစ်၍ အဘယ်အစားအစာကိုမျှရှောင်ကြဉ်ရန် မလိုပေ။ အစားအစာမှန်သမျှကိုကျေးဇူး တော်ချီးမွမ်းလျက်ခံယူရကြမည်။-
လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူတို့အား မာန်မာနမထားကြရန်သတိပေးလော့။ သူတို့သည်မတည်မြဲသည့်စည်းစိမ်ချမ်း သာကိုမမျှော်ကိုးဘဲ၊ ငါတို့ခံစားနိုင်စေ ရန်ခပ်သိမ်းသောအရာတို့ကိုရက်ရောစွာ ပေးတော်မူသောဘုရားသခင်အားမျှော် ကိုးရကြမည်။-
ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။-