မြစ်တစ်မြစ်သည်ဧဒင်အရပ်တွင်စီးထွက် လျက် ဥယျာဉ်ကိုရေပေး၏။ ဧဒင်ဥယျာဉ်ကို ကျော်လွန်သောအခါမြစ်လေးသွယ်ခွဲ၍ ဖြာဆင်း၏။-
ထို ဥ ယျာဉ် ကို စို စွတ် စေ ရန် မြစ် တစ် မြစ် သည် ဧ ဒင် အ ရပ် ထဲ က စီး ထွက် သ ဖြင့် ဥ ယျာဉ့် ပြင် မှ ကွဲ၍ မြစ် ကြီး လေး သွယ် ဖြစ် လေ ၏။
ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တစ်မြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။
ဥယျာဉ်ကိုစိုစွတ်စေရန် မြစ်တစ်မြစ်သည် ဧဒင်အရပ်မှစီးထွက်၍ ထိုနေရာမှလေးဖြာကွဲပြီး မြစ်လေးသွယ်ဖြစ်လေ၏။
ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)
ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-