``အပြစ်မဲ့သူလေးဆယ်မျှသာရှိလျှင် မြို့ ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟုအာဗြဟံ ကထပ်၍မေးလျှောက်လေ၏။ ကိုယ်တော်က``အပြစ်မဲ့သူလေးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
တစ် ဖန် ထို မြို့ တွင် အ ကယ်၍ လေး ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် လျှင် ထို လေး ဆယ့် အ တွက် ငါ စီ ရင် မည် မ ဟုတ် ဟု မိန့် တော် မူ ၏။
တစ်ဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
အာဗြဟံကလည်း “ထိုအရပ်တွင် အယောက်လေးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု တစ်ဖန် လျှောက်ပြန်လျှင် ကိုယ်တော်က “ထိုအယောက်လေးဆယ်အတွက်ကြောင့် ထိုအမှုကို ငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။