ကမ္ဘာဦး 18:26 - Common Language Bible ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သော ဒုံ မြို့ အ တွင်း သူ တော် ကောင်း ငါး ဆယ် ငါ တွေ့ ရ လျှင် သူ တို့ အ တွက် တစ် မြို့ လုံး ကို ငါ နှ မြော မည် ဟု ထာ၀ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူငါးဆယ်ကိုငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကိုငါနှမြောမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကလည်း “သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူအယောက်ငါးဆယ်ကို ငါတွေ့လျှင် သူတို့အတွက်ကြောင့် ထိုအရပ်တစ်ခုလုံးကို ငါချမ်းသာပေးမည်”ဟု မိန့်တော်မူ၏။ |
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
ထိုအချိန်ကာလကျရောက်လာသောအခါ ဣသရေလပြည်သည်အီဂျစ်ပြည်၊ အာရှုရိ ပြည်နှင့်ရင်ဘောင်တန်းလျက်နေလိမ့်မည်။ ထို နိုင်ငံသုံးခုသည်ကမ္ဘာတစ်ဝှမ်းလုံးအတွက် ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေလိမ့်မည်။-
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
ထာဝရဘုရားက``စပျစ်သီးကောင်းများ ကို အဘယ်သူမျှမဖျက်ဆီးတတ်။ နယ်၍ စပျစ်ရည်လုပ်တတ်ကြ၏။ ငါသည်လည်း ငါ၏လူအပေါင်းကိုသုတ်သင်ဖျက်ဆီး ပစ်လိမ့်မည်မဟုတ်။-
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။-
ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''