ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
ကမ္ဘာဦး 18:17 - Common Language Bible ထာဝရဘုရားက``ငါပြုမည့်ကိစ္စကို အာဗြဟံအားအသိမပေးဘဲမဖြစ်နိုင်။- Garrad Bible အာ ဗြ ဟံ သည် လမ်း ညွှန် ရန် လိုက် လေ ၏။ ထာ၀ ရ ဘု ရား က လည်း အာ ဗြ ဟံ အား ဖြင့် ကြီး မြတ် ၍ တန် ခိုး နှင့် ပြည့် စုံ သော လူ မျိုး ဖြစ် သည့် ပြင် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ကို ထောက် ၍ ငါ ပြု ဆဲ အ မှု ကို အာ ဗြ ဟံ အား ထိမ် ချန် ရ မည် လော။ Judson Bible ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဖော်မပြဘဲ ဝှက်ထားရမည်လော။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက “ငါပြုမည့်အရာကို အာဗြဟံအား ငါဖုံးကွယ်ထားရမည်လော။ |
ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။
ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
သို့ရာတွင်ဧလိရှဲထံသို့ရောက်သောအခါဦး ညွှတ်ပျပ်ဝပ်ပြီးလျှင် ဧလိရှဲ၏ခြေကိုဖက်၏။ ဂေဟာဇိသည်အမျိုးသမီးအားတွန်းဖယ်မည် ပြုသောအခါ ဧလိရှဲက``သူ့အားရှိစေတော့။ သူသည်အလွန်စိတ်ဆင်းရဲလျက်နေသည်ကို မမြင်သလော။ ဤအမှုနှင့်ပတ်သက်၍ ထာဝရ ဘုရားသည်ငါ့အားဖော်ပြတော်မမူခဲ့'' ဟု ဆို၏။
ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။-
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
သို့ဖြစ်၍``အာဗြဟံသည်ဘုရားသခင်အား ယုံကြည်၏။ သူ၏ယုံကြည်မှုကြောင့်ဘုရား သခင်သည် သူ့အားဖြောင့်မတ်သူအဖြစ် လက်ခံတော်မူသည်'' ဟူသောကျမ်းစကား သည်မှန်ကန်၍လာ၏။ ထို့ကြောင့်အာဗြဟံ သည် ဘုရားသခင်၏အဆွေဟုခေါ်ဝေါ် ခြင်းကိုခံရ၏။-