သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။
ကမ္ဘာဦး 13:2 - Common Language Bible အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။- Garrad Bible အာ ဗြံ ကား သိုး နွား စ သည် တို့ နှင့် လည်း ကောင်း၊ ရွှေ ငွေ နှင့် လည်း ကောင်း အ လွန် ကြွယ်၀ ၏။ Judson Bible ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်းအလွန်ရတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အာဗြံသည် တိရစ္ဆာန်မှစ၍ ရွှေ၊ ငွေတို့ဖြင့် အလွန်ကြွယ်ဝ၏။ |
သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။
သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။-
ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။-
ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-
သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။
ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။