သူသည် ဆရာဝန်အမြောက်အမြားထံ၌ ဝေဒနာပြင်းစွာ ခံစားလျက် ဥစ္စာရှိသမျှကို ပေး၍ ကုသ၏။ သို့သော်လည်း မသက်သာသည့်အပြင် ပို၍ ဆိုးလာ၏။
၂ ကော 12:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဆိုလျှင် သင်တို့ထံသို့ ကျွန်ုပ်စေလွှတ်ခဲ့သောသူတစ်စုံတစ်ယောက်အားဖြင့် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ Common Language Bible မည်ကဲ့သို့ငါလှည့်စားခဲ့သနည်း။ သင်တို့ထံ သို့ငါစေလွှတ်သူတစ်ဦးဦးအားဖြင့် ငါ သည်သင်တို့ထံမှအခွင့်ကောင်းယူခဲ့ဖူး သလော။- Garrad Bible သင် တို့ ထံ ငါ စေ လွှတ် သူ တစ် ဦး ဦး အား ဖြင့် ငါ တင် စား ခဲ့ သ လော။ Judson Bible တစ်စုံတစ်ယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထံသို့ ငါစေလွှတ်ခဲ့သောသူများထဲမှ တစ်စုံတစ်ဦးအားဖြင့် သင်တို့ကို ငါအမြတ်ထုတ်ခဲ့ဖူးသလော။ |
သူသည် ဆရာဝန်အမြောက်အမြားထံ၌ ဝေဒနာပြင်းစွာ ခံစားလျက် ဥစ္စာရှိသမျှကို ပေး၍ ကုသ၏။ သို့သော်လည်း မသက်သာသည့်အပြင် ပို၍ ဆိုးလာ၏။
သင်တို့ထံ တိမောသေ ရောက်လာလျှင် သူ့ကို မစိုးထိတ်စေနှင့်။ သူသည် ကျွန်ုပ်ကဲ့သို့ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်နေသူဖြစ်၏။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
ကျွန်ုပ်သည် တိတုကို သင်တို့ထံ သွားရန် တိုက်တွန်း၍ သူနှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်ခဲ့၏။ တိတုသည် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် စိတ်သဘောချင်းတူ၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်မဟုတ်လော။
ထို့ကြောင့် သင်တို့ကတိပေးထားသည့်အတိုင်း လှူဒါန်းခြင်းကို အသင့်ပြင်ဆင်စေရန် တိုက်တွန်း၍ ဤညီအစ်ကိုများကို သင်တို့ထံ ကြိုတင်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်းကြောင့် လှူဒါန်းခြင်းမဟုတ်ဘဲ ရက်ရောသောစေတနာစိတ်ဖြင့် လှူဒါန်းခြင်း ဖြစ်လိမ့်မည်။