လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
၂ ကော 12:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်သည် သင်တို့၏စိတ်ဝိညာဉ်အတွက် ကျွန်ုပ်၌ ရှိသမျှသောငွေကြေးဥစ္စာများနှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်သည် သင်တို့အပေါ် ဤမျှမေတ္တာထားလျှင် ကျွန်ုပ်အပေါ်ထားသော သင်တို့၏မေတ္တာသည် လျော့ပါးသွားမည်လော။ Common Language Bible ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။ Garrad Bible ပ စ္စည်း သာ မ က ကိုယ် ကို ပင် ရွှင် လန်း စွာ ကုန် စေ မည်။ ငါ သည် သင် တို့ ကို များ ပြား စွာ ချစ် လျှင် နည်း ပါး စွာ ချစ် တုံ့ ခံ ရ မည် လော။ Judson Bible ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာစိတ် တိုးပွားသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်းမေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ ငါသည် ကိုယ်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း၊ ကုန်စေခြင်းငှာ အလွန်စေတနာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။ |
လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရလျှင် ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်နှင့် ကယ်တင်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်ခံရလျှင်လည်း ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ ခံရသောဆင်းရဲဒုက္ခမျိုးကို သင်တို့ ကြုံတွေ့ရသောအခါ ထိုနှစ်သိမ့်ခြင်းသည် သင်တို့အား သည်းခံနိုင်စွမ်းကို ဖြစ်စေ၏။
အဘယ်ကြောင့် ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရသနည်း။ သင်တို့ကို မချစ်သောကြောင့်လော။ သင်တို့ကို ကျွန်ုပ်ချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ယခု ကျွန်ုပ်သည် သင်တို့ထံသို့ တတိယအကြိမ် လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့၏ ငွေကြေးဥစ္စာကို အလိုရှိ၍မဟုတ်ဘဲ သင်တို့ကိုသာ အလိုရှိသောကြောင့်ဖြစ်၏။ သားသမီးတို့သည် မိဘအတွက် ငွေကြေးဥစ္စာကို စုဆောင်းရသည်မဟုတ်။ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
ထိုသို့ ကျွန်ုပ်တို့သည် သေဘေးနှင့် ရင်ဆိုင်ရသော်လည်း ဤအရာသည် သင်တို့အတွက် ထာဝရအသက်ကို ရရှိစေ၏။
ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။
ဤသို့ပြောသည်မှာ သင်တို့ကို အပြစ်တင်လို၍ မဟုတ်။ ယခင်က ကျွန်ုပ်ပြောခဲ့သည့်အတိုင်း သင်တို့သည် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ သေအတူရှင်မကွဲ ရှိနေကြသောကြောင့်ဖြစ်၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အား ပူဇော်ပြီး မိမိအသက်ကို သွန်းလောင်းရာပူဇော်စရာကဲ့သို့ သွန်းလောင်းရမည်ဆိုလျှင်ပင် ဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ကျွန်ုပ်ဝမ်းမြောက်၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ကို အလွန် ချစ်သောကြောင့် ဘုရားသခင်၏သတင်းကောင်းကို ဝေမျှသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုပင် သင်တို့အတွက် ပေးဆပ်ရန် ဆန္ဒရှိကြ၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။