သင်တို့အား ချစ်သောသူတို့ကိုသာ ပြန်၍ချစ်လျှင် မည်သည့်ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့ပင်လျှင် မိမိတို့အား ချစ်သောသူတို့ကို ချစ်ကြသောကြောင့်ဖြစ်၏။
၁ ပေ 2:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးသည် မိမိမခံထိုက်သော ဆင်းရဲဒုက္ခကိုခံရသောအခါ ဘုရားသခင်၏မျက်နှာတော်ကို ထောက်၍ သည်းခံလျှင် ဘုရားသခင်နှစ်သက်ဖွယ်ဖြစ်၏။ Common Language Bible သင်တို့သည်ဘုရားသခင်၏အလိုတော်ကို သိသဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခ များကိုမညည်းမညူဘဲခံကြပါမူ ဘုရား သခင်သည်သင်တို့အားကောင်းချီးပေးတော် မူလိမ့်မည်။- Garrad Bible အ သို့ ဆို သော် ဘု ရား သ ခင် ကို သိ ကျွမ်း သော စိတ် ကြောင့် မ တ ရား သော ညှည်း ပန်း ခြင်း ကို ခံ လျှင် အ ကျိုး ရှိ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကို ထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မည်သူမဆို မတရားသဖြင့် ဒုက္ခဝေဒနာကိုခံစားရသောအခါ ဘုရားသခင်နှင့်ဆိုင်သောအသိစိတ်ကိုထောက်၍ ဝမ်းနည်းခြင်းကိုသည်းခံလျှင် ဂုဏ်ယူဖွယ်ဖြစ်၏။ |
သင်တို့အား ချစ်သောသူတို့ကိုသာ ပြန်၍ချစ်လျှင် မည်သည့်ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့ပင်လျှင် မိမိတို့အား ချစ်သောသူတို့ကို ချစ်ကြသောကြောင့်ဖြစ်၏။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
သို့ဖြစ်၍ ပြစ်ဒဏ်ကို ကြောက်သောကြောင့်သာ မဟုတ်ဘဲ မိမိအသိစိတ်ကြောင့်လည်း သူ၏အုပ်ချုပ်မှုကို နာခံရမည်။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… မာကေဒေါနိပြည်ရှိ အသင်းတော်များအား ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ကျွန်ုပ်တို့သည် သင်တို့အား သိစေလို၏။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
အကယ်၍သာ ထိုသို့တတ်နိုင်လျှင် ဝတ်ပြုသူတို့ကို တစ်ကြိမ်တည်းနှင့်အပြီး စင်ကြယ်စေနိုင်ပြီး အပြစ်ရှိနေသေးသည်ဟု မခံစားရတော့သဖြင့် သူတို့သည် ထပ်မံ၍ ယဇ်မပူဇော်ဘဲ နေကြတော့မည်မဟုတ်လော။
သင်တို့သည် ပြစ်မှား၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် မည်သည့်ဂုဏ်ယူစရာရှိမည်နည်း။ သို့သော် ကောင်းမှုပြု၍ ရိုက်နှက်ခံရသောအခါ သည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ချီးကျူးထိုက်ဖွယ်ဖြစ်၏။
သင်တို့ ဆင်းရဲဒုက္ခခံရလျှင်ပင် မည်သူမျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါးအမှု၌ စွက်ဖက်မှုတို့ကြောင့် ဆင်းရဲဒုက္ခခံရခြင်း မဖြစ်စေနှင့်။