ထိုဆယ်ဦးမှ ငါးဦးသည် ပညာသတိမဲ့သောသူများဖြစ်ကြပြီး ကျန်ငါးဦးသည် ပညာသတိရှိသောသူများ ဖြစ်ကြ၏။
၁ ပေ 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ကောင်းမှုပြုခြင်းဖြင့် မိုက်မဲသောသူတို့၏ အသိဉာဏ်မဲ့သောစကားကို တိတ်ဆိတ်စေရန် ဘုရားသခင်အလိုရှိတော်မူသောကြောင့်ဖြစ်၏။ Common Language Bible သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဉာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန်ဘုရားသခင်အလိုတော်ရှိတော်မူ၏။- Garrad Bible ဘု ရား သ ခင့် အ လို တော် မှာ လူ လွတ် ဖြစ် သော သင် တို့ သည် လွတ် ခြင်း အ ခွင့် ကို အ ဆိုး ကွယ် ဝှက် ရန် မ သုံး ဘဲ ဘု ရား သ ခင့် ကျွန် အ ဖြစ် အ ကောင်း ပြု ကျင့် ခြင်း အား ဖြင့် ဉာဏ် ကင်း သူ တို့၏ မိုက် မဲ ရာ ကို တိတ် ဆိတ် ကြ စေ ရန် ထို သို့ ဝန် ခံ ခြင်း တည်း။ Judson Bible အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှာ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုခြင်းအားဖြင့် မိုက်မဲသောသူတို့၏အသိဉာဏ်ကင်းမဲ့မှုကို တိတ်ဆိတ်စေခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်၏။ |
ထိုဆယ်ဦးမှ ငါးဦးသည် ပညာသတိမဲ့သောသူများဖြစ်ကြပြီး ကျန်ငါးဦးသည် ပညာသတိရှိသောသူများ ဖြစ်ကြ၏။
ငါဟောပြောသော တရားစကားကို ကြား၍ မနာခံသောသူသည် သဲပေါ်၌ အိမ်ဆောက်သော ပညာမဲ့နှင့် တူ၏။
သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။
အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်၌ ယေရှုခရစ်တော်အသေခံတော်မူခဲ့ရပုံကို သင်တို့၏ မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ကျွန်ုပ်ရှင်းလင်းစွာ ဖော်ပြခဲ့ပါလျက် မည်သူသည် သင်တို့ကို ပြုစားလိုက်သနည်း။
ဘုရားသခင်သည် သင်တို့ကို သန့်ရှင်းစင်ကြယ်စေရန်နှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်စေရန် အလိုတော်ရှိ၏။
မည်သည့်အခြေအနေ၌ပင် ဖြစ်စေ ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော သင်တို့သည် ဤသို့ပြုရန် ဘုရားသခင်အလိုတော်ရှိ၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
အပြစ်ဆိုဖွယ်မရှိသည့် မှန်ကန်သောစကားကို ပြောဆိုခြင်းတို့ဖြင့် သွန်သင်လော့။ ထိုအခါ သင့်ကို ဆန့်ကျင်သောသူတို့သည် ကဲ့ရဲ့စရာအကြောင်းမရှိသဖြင့် အရှက်ကွဲကြလိမ့်မည်။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
ဘုရားသခင်ကို မကိုးကွယ်သောသူများအလယ်တွင် ကောင်းမွန်စွာပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထိုသူတို့သည် သင်တို့ကို မကောင်းမှုပြုသူများဟု အသရေဖျက်ကြသော်လည်း သင်တို့၏ ကောင်းသောအကျင့်ကို ထောက်၍ ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့၌ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်နှင့် တလေးတစားဖြေဆိုကြလော့။ သင်တို့ကို ကဲ့ရဲ့ရှုတ်ချကြသောသူတို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသင်တို့၏ ကောင်းမွန်စွာ ပြုမူနေထိုင်ပုံကို မြင်၍ အရှက်ရကြစေရန် လိပ်ပြာသန့်စွာ ပြုမူနေထိုင်ကြလော့။
ကောင်းမှုပြုခြင်းအတွက် ဆင်းရဲဒုက္ခခံစားရခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်ပါက ၎င်းသည် မကောင်းမှုပြု၍ ဆင်းရဲဒုက္ခခံစားရခြင်းထက် ပို၍ကောင်း၏။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
သူတို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရန်အတွက် ပေါက်ဖွားလာပြီး ပင်ကိုဗီဇအရ ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြ၍ မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များကဲ့သို့ပင် ပျက်စီးကြလိမ့်မည်။
သို့သော် ဤသူတို့သည် မိမိတို့နားမလည်သည့်အရာမှန်သမျှကို စော်ကားပြောဆိုကြပြီး ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များနည်းတူ ပင်ကိုဗီဇအရ မိမိတို့နားလည်သည့်အတိုင်း ပြုသဖြင့် ပျက်စီးဆုံးရှုံးတတ်ကြ၏။