ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
၁ တိ 6:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။ Common Language Bible အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။- Garrad Bible အ ရာ ရာ ကို ရှင် စေ တော် မူ သော ဘု ရား သ ခင့် မျက် မှောက်၊ ပု န္တိ ပိ လတ် မင်း ရှေ့ ကောင်း မွန် စွာ ဝန် ခံ၍ သက် သေ ခံ တော် မူ သော ခ ရစ် တော် ယေ ရှု မျက် မှောက်၌ ငါ မှာ ထား လိုက် သည် ကား၊ Judson Bible ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည်အညစ်အကြေးနှင့် ကင်းစင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ခပ်သိမ်းသောအရာတို့အား အသက်ကိုပေးတော်မူသော ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်ရှေ့တွင် သက်သေခံသောအခါ ကောင်းသောဝန်ခံချက်ကိုပေးတော်မူသော ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း သင့်အား ငါညွှန်ကြားသည်ကား |
ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
ထိုသို့ ဆွေးနွေးပြီးသောအခါ ယေရှုကို ချည်နှောင်ကာ ရောမဘုရင်ခံ ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ထိုအခါ ယေရှုက “သင့်ကို ဘုရားသခင် အခွင့်မပေးလျှင် သင်သည် ငါ့ကို မည်သို့မျှ မပြုနိုင်။ ထို့ကြောင့် ငါ့ကို သင့်ထံ အပ်နှံသောသူသည် ပို၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
အဘယ်ကြောင့်ဆိုသော် ခမည်းတော်သည် မိမိ၌ အသက်ပေးပိုင်သောတန်ခိုးရှိတော်မူသည့်အတိုင်း ထိုအသက်ပေးပိုင်သောတန်ခိုးကို သားတော်အားလည်း ပေးတော်မူသောကြောင့်ဖြစ်၏။
ထိုနည်းတူ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လိုအပ်တော်မမူသောကြောင့် လူ့လက်ဖြင့် လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူရန်မလိုပေ။ ထိုအရှင်သည် လူအပေါင်းတို့အား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာအားလုံးကို ပေးတော်မူသောဘုရားဖြစ်၏။
သင်တို့၏ လှူဒါန်းခြင်းအမှုကြောင့် လက်ခံရရှိသောသူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့မှစ၍ ယုံကြည်သူအပေါင်းတို့အား ရက်ရောစွာ လှူဒါန်းခြင်းသည် ခရစ်တော်၏ သတင်းကောင်းကို သင်တို့နာခံကြောင်း သက်သေပြလိမ့်မည်။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
“ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ဤညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ ရှေ့၌လည်းကောင်း၊ ရွေးကောက်တော်မူသောကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း သင့်ကို ကျွန်ုပ်အလေးအနက် ညွှန်ကြားလို၏။
ယုံကြည်ခြင်းဆိုင်ရာ တိုက်ပွဲကောင်းကို တိုက်၍ ထာဝရအသက်ကို အရယူလော့။ ထာဝရအသက် ရရန် ဘုရားသခင်သည် သင့်ကို ခေါ်တော်မူပြီး သင်သည်လည်း ခရစ်တော်ကို ယုံကြည်ကြောင်း သက်သေများစွာရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။
ထိုအခါ ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် အသက်ရေစီးသောမြစ်ကို ကျွန်ုပ်အား ပြ၏။ ထိုမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်မှ စီးထွက်၍
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။