ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
၁ တိ 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်၏တိုးတက်မှုကို လူတိုင်းမြင်ရစေရန် ထိုအရာများကို စိတ်ရောကိုယ်ပါ အားထုတ်လုပ်ဆောင်လော့။ Common Language Bible လူအပေါင်းတို့သည်သင်၏တိုးတက်ခြင်းကို တွေ့ရှိနိုင်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့် တာဝန်ဝတ္တရားတို့ကိုစိတ်ဝင်စား၍ဆောင် ရွက်လော့။- Garrad Bible ထို အ မှု များ၌ စိတ် ဝင် စား၍ ဆောင် ရွက် လော့။ သို့ မှ သင့် တိုး တက် ခြင်း သည် လူ ခပ် သိမ်း တို့ ရှေ့ ထင် ရှား လိမ့် မည်။ Judson Bible သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ၊ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။- မြန်မာ့စံမီသမ္မာကျမ်း သင်၏တိုးတက်မှုသည် လူအပေါင်းတို့ရှေ့၌ထင်ရှားရန် ထိုအမှုအရာများကို ကြိုးစားအားထုတ်၍ ၎င်းတို့၌ မိမိကိုယ်ကိုနှစ်မြှုပ်ထားလော့။ |
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တရားတော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်” ဟု ပြောလေ၏။
ညီအစ်ကိုမောင်နှမတို့… သတေဖနာနှင့် သူ၏ အိမ်သူအိမ်သားတို့သည် ဂရိပြည်တွင် ပထမဆုံး ယုံကြည်သက်ဝင်လာကြသောသူများဖြစ်ပြီး ယုံကြည်သူများကို အစေခံရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများဖြစ်ကြောင်း သင်တို့သိကြ၏။
သခင်ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ယေရှုထမြောက်တော်မူသည်နည်းတူ ထမြောက်စေပြီးလျှင် သင်တို့နှင့်အတူ ရှေ့တော်မှောက်သို့ ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ထိုသို့ သူတို့သည် ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုပြုကြ၏။ သူတို့သည် ဦးစွာ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် ဆက်ကပ်လှူဒါန်းပြီးနောက် ဘုရားသခင်၏ အလိုတော်အားဖြင့် ကျွန်ုပ်တို့ထံ၌လည်း ဆက်ကပ်လှူဒါန်းကြ၏။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
သင်သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိသွန်သင်ချက်တို့ကိုလည်းကောင်း သတိပြု၍ ထိုအပေါ်ရပ်တည်လော့။ ထိုသို့ပြုလျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်သာမက သင်၏သွန်သင်ချက်ကို နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။