ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။
၁ ကော 3:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် နို့ကိုသာ ကျွန်ုပ်တိုက်ကျွေးခဲ့ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။ Common Language Bible ကြေခဲသောအစားအစာကိုသင်တို့မစား နိုင်ကြသေးသဖြင့် ငါသည်သင်တို့အားနို့ ကိုသာတိုက်ကျွေးရ၏။ ယခုတိုင်အောင်သင် တို့သည်အစာမကြေနိုင်ကြ။- Garrad Bible ခဲ ဖွယ် ကို သင် တို့ မ ကျေ ကျက် နိုင် သော ကြောင့် ကျွေး ခွင့် မ ရ ဘဲ နို့ ရည် သာ ငါ တိုက် ရ ၏။ Judson Bible ယခုတိုင်အောင် သင်တို့သည် ခဲဖွယ်စားဖွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာ တိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် ၎င်းကိုမကျွေးဘဲ နို့ကိုသာ ငါတိုက်ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။ |
ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။