သို့သော် ကျွန်ုပ်သည် အကျဉ်းချခံရ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် မြို့တိုင်းတွင် သက်သေခံဖော်ပြတော်မူ၏။
၁ ကော 15:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၌ သင်တို့အတွက် ကျွန်ုပ်ဂုဏ်ယူဝမ်းမြောက်သည်ကို တိုင်တည်၍ “ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း သေရ၏” ဟု ကျွန်ုပ်ဆို၏။ Common Language Bible ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ သည် နေ့ တိုင်း သေ ဒဏ် ခံ လျက် နေ သည် ဟု ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ တွက် ကြောင့် ဂုဏ် ရောက် ခွင့် ကို တိုင် တည် လျက် ငါ ဆို၏။ Judson Bible ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင်ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့သခင်ခရစ်တော်ယေရှု၌ သင်တို့ကြောင့် ငါရရှိသောဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ “ငါသည် နေ့တိုင်းသေနေရ၏”ဟု ငါဆို၏။ |
သို့သော် ကျွန်ုပ်သည် အကျဉ်းချခံရ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် မြို့တိုင်းတွင် သက်သေခံဖော်ပြတော်မူ၏။
ကျမ်းစာ၌ “ကျွန်ုပ်တို့သည် အရှင့်အတွက် တစ်နေ့လုံးသေဘေးနှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့သည် အကျွန်ုပ်တို့ကို သတ်ရန် လျာထားသည့် သိုးများကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။
ကျွန်ုပ်တို့ လိပ်ပြာသန့်စွာ သက်သေခံသည့် ကြွားဝါစရာအကြောင်းမှာ ကျွန်ုပ်တို့သည် ဤလောက၌ အထူးသဖြင့် သင်တို့ရှေ့၌ လူ့ဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် နေထိုင်ခဲ့ကြောင်းဖြစ်၏။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သုံ့ပန်းများအဖြစ် သတ်မှတ်ပြီး ခရစ်တော်၏အောင်ပွဲခံအခမ်းအနား လှည့်လည်ရာတွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်ကို သိကျွမ်းခြင်း၏ မွှေးရနံ့ကိုလည်း ကျွန်ုပ်တို့အားဖြင့် အရပ်ရပ်တို့၌ ပျံ့နှံ့စေတော်မူ၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ဘုရားသခင်ရှေ့တော်တွင် သင်တို့ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ရ၏။ သင်တို့အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်နိုင်မည်နည်း။