‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
၁ ကော 15:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားတော်သည် အရာအားလုံးကို အုပ်စိုးသောအခါ သားတော်ကိုယ်တိုင်သည်လည်း မိမိအား အရာအားလုံးကို အုပ်စိုးစေတော်မူသောဘုရားသခင်၏ အုပ်စိုးခြင်းကို ခံယူတော်မူလိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးတော်မူမည့်အကြောင်းဖြစ်၏။ Common Language Bible သို့ရာတွင်ခပ်သိမ်းသောအရာတို့ကိုသား တော်အားအုပ်စိုးစေတော်မူသောအခါ၌ မိမိခြေဖဝါးတော်အောက်သို့ခပ်သိမ်းသော အရာကိုရောက်ရှိစေတော်မူသောဘုရား သခင်၏အုပ်စိုးခြင်းကို သားတော်ကိုယ်တိုင် ပင်လျှင်ခံယူတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည်ခပ်သိမ်းသောအရာ တို့ကိုလုံးဝဥဿုံအုပ်စိုးတော်မူပေအံ့။ Garrad Bible သား တော့် အောက် အ ရာ ခပ် သိမ်း ရောက် ပြီး နောက်၊ ချ ထား တော် မူ ရင်း အ ရှင့် အောက် သား တော် ကိုယ် တိုင် ရောက် တော် မူ သ ဖြင့် ဘု ရား သ ခင် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ချာ အ ဖြစ် တည် တော် မူ ဦး မည်။ Judson Bible ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။ မြန်မာ့စံမီသမ္မာကျမ်း အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအခါ သားတော်ကိုယ်တိုင်သည်လည်း အရာခပ်သိမ်းတို့ကို မိမိအားနာခံစေတော်မူသောအရှင်ကို နာခံတော်မူလိမ့်မည်။ ဤသည်ကား ဘုရားသခင်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူမည့်အကြောင်းတည်း။ |
‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
လုပ်ဆောင်ပုံအမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ရှိသော လုပ်ဆောင်ပုံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသော ဘုရားသခင် တစ်ပါးတည်းရှိ၏။
သေလွန်သောသူတို့ မထမြောက်လျှင် ထိုသူတို့အတွက် နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် မည်သည့်အကျိုး ရှိသနည်း။ သေလွန်သောသူတို့ မထမြောက်လျှင် ထိုသူတို့အတွက် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာကို ခံယူစရာအကြောင်း ရှိမည်နည်း။
သင်တို့ကိုမူ ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကိုမူ ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။
ထိုအသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်၏။ အရာအားလုံးကို နည်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးတော်မူသော ခရစ်တော်သည် ထိုအသင်းတော်ကို ပြည့်စုံစေတော်မူ၏။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။