ထို့ကြောင့် အခြားဘာသာစကားကို ပြောဆိုသောသူသည် မိမိပြောသောစကားတို့ကို အနက်ပြန်နိုင်ရန်အတွက်လည်း ဆုတောင်းသင့်၏။
၁ ကော 14:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အခြားဘာသာစကားအားဖြင့် ဆုတောင်းလျှင် ကျွန်ုပ်၏ စိတ်ဝိညာဉ်သည် ဆုတောင်းနေသော်လည်း ကျွန်ုပ်၏ အသိဉာဏ်အတွက် အကျိုးမရှိ။ Common Language Bible ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။- Garrad Bible ဘာ သာ စ ကား ထူး ဖြင့် ငါ တောင်း လျှောက် သော် စိတ် မ နော နှင့် တောင်း လျှောက် သော် လည်း ဉာဏ် မူ ကား အ ကျိုး ပေး သည် မ ဟုတ်။ Judson Bible အဘယ်ကြောင့်နည်းဟူမူကား၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း၊ ငါ့ဉာဏ်သည် အကျိုးကိုမပေး။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အခြားသောဘာသာစကားအားဖြင့် ငါဆုတောင်းလျှင် ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်းသော်လည်း ငါ၏အသိစိတ်မူကား အကျိုးမပေး။ |
ထို့ကြောင့် အခြားဘာသာစကားကို ပြောဆိုသောသူသည် မိမိပြောသောစကားတို့ကို အနက်ပြန်နိုင်ရန်အတွက်လည်း ဆုတောင်းသင့်၏။
သို့ဖြစ်စေကာမူ အသင်းတော်တွင် အခြားဘာသာစကားဖြင့် အခွန်းတစ်သောင်းကို ပြောဆိုသည်ထက် တစ်ပါးသူကို သွန်သင်ရန် နားလည်နိုင်သောစကားငါးခွန်းကိုသာ ကျွန်ုပ်ပြောဆိုမည်။
အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုသူသည် လူတို့အား ပြောဆိုသည်မဟုတ်။ ဘုရားသခင်အား ပြောဆိုခြင်းဖြစ်၏။ ထိုသူပြောသောစကားကို မည်သူမျှ နားမလည်ပေ။ သူသည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းဖြစ်၏။