ထို့ကြောင့် သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် မိမိတို့တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်သောစိတ်ဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်။
၁ ကော 14:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အခြားဘာသာစကားကို ပြောဆိုသောသူသည် မိမိပြောသောစကားတို့ကို အနက်ပြန်နိုင်ရန်အတွက်လည်း ဆုတောင်းသင့်၏။ Common Language Bible ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။- Garrad Bible ထို ကြောင့် ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သူ သည် အ ဓိ ပ္ပာယ် ဖော် ပြ ခွင့် ရ ရန် တောင်း လျှောက် စေ။ Judson Bible ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသောသူသည်၊ အနက်ကိုလည်း ဖော်ပြနိုင်မည်အကြောင်း ဆုတောင်းစေ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုသောသူသည် အနက်ဖွင့်နိုင်မည့်အကြောင်း ဆုတောင်းစေ။ |
ထို့ကြောင့် သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် မိမိတို့တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်သောစိတ်ဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်။
ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။
ထိုတမန်တော်နှစ်ပါးသည် ရောက်လာ၍ သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့လက်ခံရရှိရန် ဆုတောင်းပေးကြ၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
လူတိုင်း ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူး ရှိသလော။ လူတိုင်း ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သလော။ လူတိုင်း ထိုဘာသာစကား၏ အနက်ကို ပြန်နိုင်သလော။
သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကို ရရန် စိတ်အားထက်သန်သည့်အလျောက် အသင်းတော်ကို တည်ဆောက်ရာတွင် အကျိုးပြုမည့် ဆုကျေးဇူးများကိုသာ ရရန် ကြိုးစားကြလော့။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အခြားဘာသာစကားအားဖြင့် ဆုတောင်းလျှင် ကျွန်ုပ်၏ စိတ်ဝိညာဉ်သည် ဆုတောင်းနေသော်လည်း ကျွန်ုပ်၏ အသိဉာဏ်အတွက် အကျိုးမရှိ။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။